Main menu

ဆင်ပေါင်ဝဲမြို့နယ်၊ ရွာသစ်ကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တာဝန်ခံ ဦးနိုင်ဦး(ဒု-ကြီးကြပ်ရေးမှူး)သည် စားသုံးသူပြည်သူများ အစားအသောက်များ လူသုံးကုန်ပစ္စည်းများသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှု ရရှိစေရေးအတွက် လစဉ် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ (၁၃.၁၁.၂၀၂၃)ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် မြို့နယ်လက်ထောက်ပညာရေးမှူးနှင့်အတူ ရွာသစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ ဆရာမ(၄)ဦးနှင့် ကျောင်းသား ကျောင်းသူ(၅၃)ဦးတို့အား သွားရောက်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

   ဟောပြောပွဲတွင် မြို့နယ်လက်ထောက်ပညာရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆင်ပေါင်ဝဲမြို့နယ်တာဝန်ခံ ဦးနိုင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊  စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက  တိုင်းဒေသကြီးဦးစီးမှူး ရုံးတွင်ဖွင့်လှစ်ထားရှိသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)တွင် တိုင်ကြားနိုင်ကြောင်း၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင်လည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း၊ သက်တမ်းလွန်ကုန်စည်များကို ဝယ်ယူသုံးစွဲခြင်းမပြုသင့်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)