Main menu

မကွေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်း များအတိုင်း ရောင်းချမှု ရှိ/မရှိနှင့် လက်ကျန်အခြေအနေများ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ လက်ကားရည်ညွှန်းစျေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၃.၁၁.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မကွေးမြို့ နယ်တွင် စက်သုံးဆီအရောင်းဆိုင် (၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံးပုံမှန်ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့တွင်ရောင်းချပေးနေသော စက်သုံးဆီစျေးနှုန်းများမှာ သတ်မှတ် ရည်ညွှန်းစျေးနှုန်းများဖြစ်သည့် ဓါတ်ဆီ(92)(၁)လီတာလျှင် ကျပ်(၂၁၈၀)၊ ဓါတ်ဆီ(95)(၁)လီတာလျှင် ကျပ်(၂၃၀၀)၊ ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် ကျပ်(၂၁၉၀)နှင့် ဒီဇယ်(ပရီမီယံ)(၁)လီတာလျှင် ကျပ် (၂၂၉၅)တို့ဖြင့်ရောင်းချပေးနေပြီး စက်သုံးဆီများပြတ်လပ်မှုမရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)