Main menu

မကွေးမြို့၊ အောင်မေတ္တာ(ဂ)လမ်းမှ ပဲကြော်လုပ်ငန်းရှင်တို့အား ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြပေးရေး အသိပညာပေး

Powered by Drupal

                မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူး၊ ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)သည် (၉.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် တွင် မကွေးမြို့၊ အောင်‌မေတ္တာ (ဂ) သုခိတာလမ်းမှ ထုတ်လုပ်သော “ရွှေစည်တော်”အမှတ်တံဆိပ် (ဆန်ကြာဇံ၊ ဆီချက် ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ၊ ဆီသန့်၊ ဆန်ချောင်းကြော်၊ တို့ဟူးနွေး၊ ဆန်ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ၊ မုန့်တီ၊ မုန့်ခြောက်ထုပ်၊ ရွှေတောင်ကြီးဂျုံခေါက်ဆွဲ) လုပ်ငန်းရှင် ဦးစောသိန်းနှင့် အောင်မေတ္တာ(ဂ)ဆည်မြောင်းလမ်းမှထုတ်လုပ်သော “ကောင်းပြည့်ကျော်” ပဲကြော်လုပ်ငန်းရှင် ဒေါ်ရင်လေးတို့အား ခရိုင်ဦးစီးမှူးရုံးတွင်ခေါ်ယူတွေ့ဆုံပြီး စားသုံးသူ ကာကွယ်ရေးဥပဒေ-၂၀၁၉၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြပေးရေး အသိပညာ‌ပေးဆွေးနွေးခဲ့ပါသည်။

          လုပ်ငန်းရှင်၏ ပြောကြားချက်အရ “ရွှေစည်တော်”အမှတ်တံဆိပ် (ဆန်ကြာဇံ၊ ဆီချက် ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ၊ ဆီသန့်၊ ဆန်ချောင်းကြော်၊ တို့ဟူးနွေး၊ ဆန်ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ၊ မုန့်တီ မုန့်ခြောက်ထုပ်၊ ရွှေတောင်ကြီးဂျုံခေါက်ဆွဲ)နှင့် “ကောင်းပြည့်ကျော်” ပဲကြော် စားသောက်ကုန်များကို ဒေသတွင်းမကွေးမြို့နှင့် နီးစပ်ရာမြို့များဖြစ်သည့် တောင်တွင်း၊ မြို့သစ်၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်နှင့် စလင်းမြို့များသို့ ဖြန့်ချီရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ခရိုင်ဦးစီးမှူး၊ ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)က လုပ်ငန်းရှင် ဦးစောသိန်းနှင့် ဒေါ်ရင်လေးတို့အား စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်၊ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)