စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်း၌ထုတ်လုပ်သော စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား လုပ်ငန်းများစဉ်ဆက်မပြတ်လည်ပတ်နိုင်ရန် လုပ်ငန်းသုံးဆီရရှိရေး ဆောင်ရွက် ပေးလျက်ရှိပါသည်။
(၁၀.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မကွေးမြို့နယ်အတွင်းမှ လုပ်ငန်းသုံးဆီ(စားအုန်းဆီ) ခွဲဝေရရှိသည့် “ကျော်ဇော”ပဲကြော်လုပ်ငန်း “ကောင်းပြည့်ကျော်” ပဲကြော်လုပ်ငန်း၊ “သန်းတစ်ရာ” ပဲကြော်လုပ်ငန်း၊ “သန်းတစ်ရာ(ပေါကြွယ်)” ပဲကြော်လုပ်ငန်းနှင့် “သူရိန်ထက်” ပဲကြော်၊ စားတော်ပဲ၊ ကုလားပဲကြော်လုပ်ငန်းများသို့ သွားရောက်ပြီး ခွဲတမ်းရရှိသည့် စားအုန်းဆီများအားလုပ်ငန်းများ၌ အမှန်တကယ်သုံးစွဲမှုရှိ/မရှိနှင့် ထွက်ရှိသောကုန်ချောများအား တင်ပို့ဖြန့်ဖြူးရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)