ရန်ကုန်တိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး၏ ညွှန်ကြားချက်အရ စားသုံးဆီများ ဈေးကွက်အတွင်းသို့ဖြန့်ဖြူးရောင်းချသည့် ကုမ္မဏီများမှ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသူများသို့ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ရည်ညွှန်းဈေးနှုန်းအပေါ် သယ်ယူမှုဖြန့်ဖြူးမှုစရိတ်ပေါင်းပြီး အမြတ် ၂% ထက်မပိုသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်းရှိ/မရှိနှင့် ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချနေခြင်းများ မပြုလုပ်စေရေးတို့အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ၁၄.၁၁.၂၀၂၃ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးရှိ လုပ်ငန်းရှင် ဦးစိုင်းဇော်ဇော်လင်း (အောင်မြန်မာ) ဆိုင်သို့ သွားရောက်ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးဆီများကို IPS CO., Ltd မှ ဝယ်ယူ၍ စားသုံးသူပြည်သူများသို့ ဆီ ၁ပိဿာလျှင် 4၉00 ကျပ်နှုန်းသာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)