Main menu

မှော်ဘီမြို့နယ်၊ အလက(ခွဲ)၊ ကိုးလုံးကွင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်ဖြူဖြူမြင့်ပါ (၂) ဦးတို့သည် ၁၅.၁၁.၂၀၂၃ ရက်နေ့၊ နံနက် (၉:၃၀) အချိန်တွင် မှော်ဘီမြို့နယ်၊ အလက(ခွဲ)၊ ကိုးလုံးကွင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါတယ်။

     ရှေးဦးစွာ အလက(ခွဲ)၊ ကိုးလုံးကွင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်သီတာက အဖွင့်အမှာစကားပြောကြားပြီး မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုကြီးကြပ်ရေးမှူး ဒေါ်ဖြူဖြူမြင့်က စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် စားသုံးသူရေးရာ ဦးစီးဌာန၏ ဆောင်ပုဒ် “စားသုံးသူအခွင့်အရေး ဦးစားပေး” စားသုံးသူ၏အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ထားရှိမှုများ၊ အမှတ်တံဆိပ်မပါသော အစားအသောက်များကို ဝယ်ယူခြင်းမပြုရန် ဘေးကင်း လုံခြုံသည့်အစားအသောက်များကို ရွေးချယ်ဝယ်ယူသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၆၇) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါတယ်။

DOCA(ရန်ကုန်)