Main menu

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်သင်တန်းအကြောင်း သိကောင်းစရာများ Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အသစ်ခန့်အပ်ထားခဲ့သော ဝန်ထမ်းများနှင့် လက်ရှိ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေပြီး ဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များကို လွယ်ကူလျင်မြန်သွက်လက်စေရန်ရည်ရွယ်၍ နှစ်ပတ်လျှင်(၁)ကြိမ် ကြာသပတေးနေ့တိုင်း (Thursday Talk) အသိပညာပေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ ၉-၁၁-၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၃း၀၀)နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင်  (Thursday Talk) အသိပညာပေးဆွေးနွေးပွဲအား ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးရွှေဖြူ ဦးဆောင်၍ တက်ရောက် ဝန်ထမ်းအင်အား(၂၅)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲ၌ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ ဌာနအတွက် ဂုဏ်ယူရပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် ထူးချွန်သည့်ဝန်ထမ်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်စန္ဒာဝင်း၊ ဦးစီးအရာရှိက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် သင်တန်းအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး  ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် ဖွင့်လှစ်သည့် သင်တန်းအမျိုးအစားနှင့် သင်တန်းကာလများ၊ Online နှင့် In-House သင်တန်းကာလဆောင်ရွက်ရန်များ၊ Online System ကာလအတွင်းနှင့်  In-House System ကာလအတွင်း (ဆောင်ရွက်ရမှုများ/ ဖြစ်လေ့ဖြစ်ထ ရှိတတ်သည်များ/ သတိပြုရန်များ/ ဆောင်ရွက်သင့်သည်များ)၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်သို့ သင်တန်းတက်ရောက်ပါက ဆောင်ရွက်သင့်သည်များကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အမှတ်တရမှတ်တမ်းဓာတ်ပုံများ၊  စံပြဆုရရှိမှုမှတ်တမ်းဓာတ်ပုံများနှင့်အတူ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်သူများက ပြန်လည်မေးမြန်းခြင်း၊ အမေးအဖြေကဏ္ဍများဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)