Main menu

ကိတ်မုန့်၊ ပေါင်မုန့်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၁၅.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကိတ်မုန့်၊ ပေါင်မုန့်လုပ်ငန်းရှင်(၂)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ ဒု-ခရိုင်ဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ မုန့်မျိုးစုံတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး  စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ငန်းတွင်အသုံးပြုရန်အတွက် လုပ်ငန်းသုံးစားအုန်းဆီများ ထုတ်ပေးထားမှုအပေါ် အမှန်သုံးစွဲမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)