Main menu

ကန့်ဘလူမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဈေးကွက်အတွင်း၌ ဘေးကင်းလုံခြုံစိတ်ချရသောကုန်စည်များ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းအား လစဉ်ဆောင်ရွက်လျက် ရှိပါသည်။

        ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့ နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်း(၁)ဦးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးစသည့်တို့နှင့် ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ “ရွှေပြည်မြင့်” သောက်ရေသန့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်(၂/၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြထားပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်လည်းပါရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်သွားရန် အသိပေးဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)