Main menu

ညောင်တုန်းမြို့နယ် မြန်မာပြာသာကျေးရွာ ပြည်သူလူထုများအား စားသုံးသူကာကွယ်ရေးအတွက် အသိပညာပေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၃.၁၁.၂၀၂၃)ရက်နေ့ (၁၀၀၀)နာရီ အချိန်တွင် ညောင်တုန်းမြို့နယ် မြန်မာပြာသာကျေးရွာရှိပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ရည်ရွယ်၍ မိတ်ဖက်ဌာနများနှင့်အတူ ကွင်းဆင်း၍ အသိပညာပေးဟော ပြောခြင်းလုပ်ငန်း ကိုဆောင်ရွက်ခဲ့ကြပါ သည်။

    ရှေ့ဦးစွာညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗလငါးတန်ဖွံ့ဖြိုး ရေးအသိပညာပေးခြင်းနှင့်  စာဖတ်စွမ်းရည်မြင့်တင်ရေးအသိပညာပေးခဲ့ကြပါသည်။ ၎င်းဟော‌ပြော ပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ်ဖွင့် ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေး ထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့် အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားမှု ဆောင်ရွက်ရာတွင် website ၊ Mobile Application တို့မှတဆင့် ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသည့် အခြေအနေများ၊ မအူပင်ခရိုင် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိမှုနှင့် ဆောင်ရွက်ပေး နေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)