Main menu

ဖျာပုံမြို့နယ်၊(၁၁)ရပ်ကွက်၊အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ/မ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းများသည် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၁၄) ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆရာ/မ(၅)ဦး နှင့် ကျောင်းသား/သူ(၁၀၉)ဦး၊ စုစုပေါင်း(၁၁၄) ဦးအား ဖျာပုံမြို့၊(၁၁)ရပ်ကွက်၊အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက တားမြစ်ဆိုးဆေးများအကြောင်း၊ စားသုံးရန်မသင့်သည့်အစားအစာများအကြောင်း၊ တွဲဖက်မစားသင့်သည့်အစားအစာများအကြောင်းတို့ကိုရှင်းလင်း ဟောပြောခဲ့ပါသည်။ထို့အပြင် ကုန်ပစ္စည်း၏ ထုတ်လုပ်သည့်ရက်၊ သက်တမ်းကုန်ဆုံးသည့်ရက်၊ကုန်ပစ္စည်းများရွေးချယ်ဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ တခြားဘာသာတစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကိုမသုံးစွဲ ကြရန်နှင့် ဈေးကွက် အတွင်းရှိ စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသောက်ကြရန်၊အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)