၁၆.၁၁.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံး၊ သထုံခရိုင်ရုံးမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၃၃) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေး ဟောပြောဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် ဘီးလင်းမြို့နယ် တာဝန်ခံ ဒေါ်ဇင်ဖြူဝင်း(ဦးစီးမှူး)က ဘီးလင်းမြို့နယ်တာဝန်ခံရုံး၏ လုပ်ငန်းဆောင်ရွက်ချက်ကို လည်းကောင်း၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်း(ဒုတိယဦးစီးမှူး)က သထုံမြို့နယ်တာဝန်ခံ၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်တွင်းကုန်သွယ်ရေးနှင့် သုတေသနဌာနခွဲမှ အငယ်တန်းစာရေး ဒေါ်တွယ်တာလမင်းက လူအများ သိသင့်သိထိုက်သော၊ လိုက်နာကျင့်သုံးသင့်သော ပြည်သူ့နီတိသိကောင်းစရာများကိုလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ အငယ်တန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေက မိမိကိုယ်ကိုယုံကြည်မှု (Self Confidence)အကြောင်းအား လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)