Main menu

စားသုံးဆီဖြန့်ခွဲရောင်းချမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကရင်ပြည်နယ်ဦးစီးမှူးတက်ရောက်

Powered by Drupal

   စားအုန်းဆီဖြန့်ခွဲရောင်းချမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Virtual Meeting စနစ်ဖြင့် (၁၆-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ(၃)၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍ ကျင်းပခဲ့ပါသည်။      

  အဆိုပါ အစည်းအဝေးတွင်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးမှ  အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်မှ စားသုံးဆီဖြန့်ခွဲရောင်းချမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးများနှင့် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများမှ ဒေသအလိုက် စားအုန်းဆီလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကရင်ပြည်နယ်အတွင်း စားအုန်းဆီလိုအပ်ချက်အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

   ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို နံနက်(၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ  တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးများနှင့် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)