Main menu

စားသုံးသူရေးရာဦးစီးဌာန၊ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင်ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း(၁/၂၀၂၃)ကျင်းပဆောင်ရွက်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း (၁/၂၀၂၃)ကို (၁၅.၁၁.၂၀၂၃)မှ (၁၆.၁၁.၂၀၂၃) ရက်နေ့ (၂)ရက်တာကာလကို ကျင်းပခဲ့ကြောင်း သိရသည်။

  အဆိုပါသင်တန်းတွင် နည်းပြဆရာ/ဆရာမများအဖြစ် မိတ်ဖက်ဌာနများဖြစ်ကြသည့် စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးဦးအောင်စိုး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဒေါ်အိလှိုင်ဝင်းရည် ၊ဗဟိုစာရင်းအင်းဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဒေါ်စုစုလွင်နှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူးဒေါ်မာမာမြိုင်တို့က မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များကို သင်တန်းရှင်းလင်း ပို့ချခဲ့ကြောင်း သိရသည်။ သင်တန်းဆင်းပွဲ အခမ်းအနားအား (၁၆.၁၁.၂၀၂၃)ရက်နေ့၊ ညနေ (၁၆:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ၊အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးဦးသန်းဦးက သင်တန်းဆရာ/ဆရာမများကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ၊သင်တန်းသူ/သားများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

    အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၈) ဦး သင်တန်းတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)