Main menu

ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန် ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေ ရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်(၁၀;၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြို့မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသီဟမင်းခိုင်နှင့် ဝန်ထမ်းတစ်ဦး စားသုံးသူရေးရာဦးစီးဌာနမှ  ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့က ပူးပေါင်း၍  ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချသည့် ကုန်ပစ္စည်းများအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/ မရှိ ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/ မရှိနှင့် သက်တမ်းလွန်ကုန်စည်များ ရောင်းချနေခြင်းရှိ / မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ  Wah.Lah ကြက်သားအရသာ အုန်းနို့ခေါက်ဆွဲထုတ်နှင့် ကုန်ပစ္စည်းများတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းနှင့် ကိုက်ညီမှုရှိပြီး သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချမှုမရှိသည်ကို တွေ့ရှိရပါသည်။ ထို့နောက် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိရောင်းချသည့် ကုန်စည်အပေါ် တာဝန်ရှိမှုကို နားလည်သိရှိစေရန် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂ /၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်ဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်နှင့် မိမိတို့ထံ လက်ဝယ်လာရောက် ပို့ဆောင်သောကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားမပြည့်စုံပါက လာရောက်ပို့ဆောင်သူအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ထည့်သွင်းပေးရန်နှင့် မပြည့်စုံပါက မိမိတို့မှ ဝယ်ယူရောင်းချမည်မဟုတ်ကြောင်း လက်ဆင့်ကမ်းပြောကြားပေးရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသား လျှောက်ထားရာတွင် အခမဲ့ကူညီဆောင်ရွက်ပေးပါကြောင်း ၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် လိုက်နာရမည့် အချက်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)