Main menu

မအူပင်မြို့ပေါ်ရှိ ဈေးများနှင့် စတိုးဆိုင်များရှိ ကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၆.၁.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မအူပင်မြို့ပေါ်ရှိ မြို့မဈေးနှင့်ဝလေးလုံး၊ လင်းတာရာ၊ နန်းထိုက်အောင်၊ ရတနာထွန်း၊ အောင်သန်းဌေး စသည့်စတိုးဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသားပါ ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိနှင့် ဆောင်ရွက်ထားရှိမှု မရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ ဆောင်ရွက်မည့်အစီအမံများကို လုပ်ငန်းရှင်များအား အကျယ်တဝင့် ဆွေးနွေးမှာကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်အနှစ်သာရနှင့် လေးစားလိုက်နာပါက ကျန်းမာရေးနှင့်ညီညွတ်သော ကုန်ပစ္စည်းများ ရောင်းချနိုင်ရေးတို့ကို အလေးထား ထည့်သွင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး