ပြည်သူများအနေဖြင့် အခြေခံစားကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် အခြေခံစားကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချသည့် အခွန်လွတ်ဈေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့မှစ၍ အပတ်စဉ် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိရာ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ၁၈.၁၁.၂၀၂၃ နှင့် ၁၉.၁၁.၂၀၂၃ ရက်နေ့တို့တွင် မော်လမြိုင်မြို့၊ အခွန်လွတ်ဈေး၌ အခြေခံစားသောက်ကုန်များ ရောင်းချနေခြင်းအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ထားသော အရေအတွက်အတိုင်း ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆန်၊ ဆီအပါအဝင် အခြေခံစားကုန်များအား စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေး သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)