Main menu

ပြည်ခရိုင်ဦးစီးမှူးရုံးတွင်လည်း အွန်လိုင်းမှတ်ပုံတင်စနစ်အစည်းအဝေးပြုလုပ်

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၌ ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေမှ အစည်း အဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးကို မြန်မာနိုင်ငံဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သိုလှောင်မှုများစနစ်တကျ ရှိစေရေးအတွက် စပါးတင်း (၅၀၀၀) သို့မဟုတ် ဆန်တန် (၅၀)အထက် ဆန်စပါးသိုလှောင်မှု အခြေအနေများအား ဒီဂျစ်တယ်နည်းလမ်း အွန်လိုင်းမှတ်ပုံတင်စနစ် Myanmar Rice Online (MyRo)ဖြင့် မှတ်ပုံတင်နိုင်ရေး သိုလှောင်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်နိုင်စေရေး၊ ဆန်စပါးဈေးကွက်တည်ငြိမ်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးသိုလှောင်မှုကို စနစ်တကျ မှတ်ပုံတင်စာရင်းပြုစုထားနိုင်ရေး သင့်တင့်မျှတတည်ငြိမ်သော ဆန်ဈေး ကွက်နှင့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းစီစဉ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် အစည်းအဝေးကို ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့များမှ လုပ်ငန်းရှင် (၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

    ထိုအစည်းအဝေးကို ဒီဂျစ်တယ်နည်းလမ်းဖြင့် မှတ်ပုံတင်စာရင်းတင်ပြဆောင်ရွက်နိုင်မည့် Online Registration စနစ် (MyRo)ကို ၂၀၂၃ ခုနှစ်အတွင်း မကြာမီအသုံးပြုနိုင်ရေးအတွက် Digital Certificate ထုတ်ပေးနိုင်သည့် ဝန်ဆောင်မှုဖြင့် သိုလှောင်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်ချက်ဖြင့် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသေးစိတ်သိရှိလိုပါက www.MyRo. Com.mm သို့ ဝင်ရောက်လေ့လာနိုင်ကြောင်း သိရပါသည်။

DOCA(ပဲခူး)