Main menu

ရေကြည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်၊ ရေကြည်ပေါ်ဆန်း((ဘေးကြား) ရိတ်သိမ်းပွဲကျင်းပ

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာ တောင်သူဦးအောင်မျိုးဝင်း၏ (၅.၀၀)ဧက စိုက်ကွက်တွင်(၂၉.၁၂.၂၀၂၁)ရက်နေ့တွင် စံကွက်ရိတ်သိမ်းပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဒုတိုင်းဦးစီးမှူးနှင့် ရေကြည်မြို့နယ်ရှိ ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။ ဧရာဝတီပေါ်ဆန်းမှာ ယခင်ကဈေးကွက်တစ်ခု ရရှိခဲ့သော်လည်း အရည်အသွေးကျဆင်း၍ ဈေးကွက်ပျောက်လာပြီးဖြစ်၍ ရွှေဘိုပေါ်ဆန်းကဲ့သို့ မိမိတို့တိုင်းဒေသကြီးအတွင်းမှ ရေကြည်ပေါ်ဆန်းဖြစ်ပေါ်လာပြီး ဈေးကွက်အခိုင်အမာ ပြန်လည်ရရှိစေရန်အတွက် နွားရေတိုက်ကျေးရွာအုပ်စုတွင် တောင်သူ(၂၂၁)ဦးမှ စိုက်ဧက(၁၆၀၀) အား Contract Farming စနစ်ဖြင့် စိုက်ပျိုးသောကြောင့် တစ်နှစ်ထက်တစ်နှစ် အရည်အသွေးပိုမိုကောင်းမွန်၍ အထွက်တိုးစေရန် ဆောင်ရွက်လျက်ရှိပါသည်။ စံပြရိတ်ကွက်တွင်(၁)ဧကလျှင် စက်ကျအစို (၁၁၄.၃)တင်း ထွက်ရှိ၍ တင်း(၁၀၀)လျှင် (၁,၂၃၀,၀၀ဝိ/-)ကျပ် ရှိကြောင်းသိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး