Main menu

မင်းဘူးမြို့ပေါ်၌ "ပုဇွန်" အမှတ်တံဆိပ် စားသုံးဆီများရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးဒေါ်စုစုထွန်းနှင့်ဝန်ထမ်းများသည် (၂၀.၁၁.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ မင်းဘူးမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်(၈)ဆိုင်နှင့် စည်ပင်သာယာဈေးအတွင်းရှိ အရောင်းဆိုင်(၄)ဆိုင်တို့အား တရားမဝင်တင်သွင်းထားသော "ပုဇွန်" အမှတ်တံဆိပ်ပါ စားသုံးဆီများဈေးကွက်အတွင်း ရောင်းမှုရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထို့သို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများမှ စားသုံးဆီအမျိုးမျိုးရောင်းချနေသောလုပ်ငန်းရှင်များအား တရားမဝင်တင်သွင်းလာသော "ပုဇွန်" အမှတ်တံဆိပ်ဆီများအား ရောင်းချခြင်းမပြုကြရန်နှင့် သိုလှောင်ထားခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)