Main menu

ပခုက္ကူမြို့မဈေးအတွင်း၌ “ပုဇွန်”တံဆိပ် စားသုံးဆီများ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှူဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့်ဝန်ထမ်းများသည် စားသုံးပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော စားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် (၁၇.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့မဈေးအတွင်းရှိ စားသုံးဆီဆိုင်များသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီများတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ တရားမဝင်တင်သွင်းလာ သည့်“ပုဇွန်”ကုန်အမှတ်တံဆိပ် စားသုံးဆီများ ရောင်းချခြင်းဖြန့်ဖြူးခြင်း ရှိ/မရှိနှင့် သိုလှောင်ထားခြင်း ရှိ/မရှိ အား ပူးပေါင်းပါဝင်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ  ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)