စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှူဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ် တာဝန်ခံဒေါ်မြင့်မြင့်သန်း၊ ဒေါ်တင်မာရီ ဒု-ဦးစီးမှူးသည် ဈေးကွက်များအတွင်းရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များအား (၁၇.၁၁.၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံသည့်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချဖြန့် ဖြူးခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက ရွာသစ်ရပ်ကွက်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များအား မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို ရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်းအသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၂၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(မကွေး)