Main menu

ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ဈေး၌ စားသုံးသူကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၃) ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိဈေး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။  အသိပညာပေးဟောပြောပွဲတွင် နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်၊ (ဦးစီးအရာရှိ)က ဥပဒေတွင် ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး၊ ဦးဝင်းသွင်၊ (ရုံးအုပ်)က စားသုံးသူများ နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူ ရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဈေးသူ/ဈေးသားစုစုပေါင်း(၁၃)ဦးခန့်တက်ရောက်ခဲ့ပြီး နေ့လယ် (၁၃း၄၅) နာရီ အချိန်တွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)