Main menu

ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မင်္ဂလာဈေး၌ စားသုံးသူကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၃) ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မင်္ဂလာဈေး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။  အသိပညာပေးဟောပြောပွဲတွင် နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသွင်၊ (ရုံးအုပ်)က စားသုံးသူများ နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို အသိပေးပြောကြားခဲ့ပြီး၊  ဦးမြင့်နိုင်၊ (ဦးစီးအရာရှိ)က ဥပဒေတွင် ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး၊ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဈေးသူ/ဈေးသားစုစုပေါင်း (၁၅)ဦးခန့်တက်ရောက်ခဲ့ပြီး ဟောပြောပွဲကို နံနက် (၁၁း၃၀) နာရီ အချိန်တွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)