Main menu

စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းသည် ၂၃.၁၁.၂၀၂၃ ရက်နေ့ တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ချဉ်စော်ကားသီးဝိုင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးခဲ့ပါသည်။

 ထိုသို့ဆွေးနွေးရာတွင် ဒု-ဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းက ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဝန်ဆောင်မှု၏အဓိပ္ပာယ်ဖွင့်ဆိုချက် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အချက်အလက်များကို ကြိုတင်သတိပေးခြင်း၊ မှန်ကန်သောသတင်းအချက်အလက်နှင့်ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ စားသုံးသူ၏လိုအပ်ချက် နှင့်အညီကိုက်ညီမှုရှိခြင်းစသည့် ဝန်ဆောင်မှုနှင့်သက်ဆိုင်သာ အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)