Main menu

ညောင်ပင်သာ အခြေခံပညာမူလတန်းကျောင်းသူ/ကျောင်းသားများအား အသိပညာပေးဟောပြော

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်) သည် ၂၂.၁၁.၂၀၂၃ ရက်နေ့တွင် နန်းမားမြို့၊ ချောင်းသာရပ်ကွက်၊ ညောင်ပင်သာ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့် တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်း ပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးဌားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်း၊ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့် တာဝန် (၄) ချက်၊ ဓာတုဆိုးဆေးများ အသုံးပြုထားသော မုန့်များ၏ ဘေးအန္တရာယ်များအကြောင်းကို ရုပ်ပုံကားချပ်နှင့်လည်းကောင်း၊ နမူနာပစ္စည်းများဖြင့်လည်းကောင်း ရှင်းလင်းပြသကာ အသိပညာပေး ဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးနှင့် ဆရာမ(၆)ဦး စုစုပေါင်း(၈၆)ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)