Main menu

မကွေးတိုင်းဒေသကြီးအတွက် ခွဲတမ်းရရှိသည့်ဆီများအား ဖြန့်ခွဲနိုင်ရေး ခရိုင်/ မြို့နယ် ဆီကုန်သည်/ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     မကွေးတိုင်းဒေသကြီးအတွက် ခွဲတမ်းရရှိသည့် တစ်လ ဆီပေပါ (၁၆၇၀၀)လုံး၊ တစ်ရက် ဆီပေပါ (၇၁၀)လုံးအား ခွဲဝေဖြန့်ဖြူးရန် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဆီကုန်သည်/ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ချပြရှင်းလင်းဆွေးနွေးခဲ့ရာ မကွေးတိုင်း/ ခရိုင်/ မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌများအပါအဝင် ဆီကုန်သည် (၃၁)ဦး တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခွဲဝေချထားပေးသည့် စားအုန်းဆီ ခွဲတမ်းအတိုင်း အချိန်မီ ဆီဖိုးငွေ ပေးသွင်းခြင်း၊ နေ့အလိုက် ဆီထုတ်ယူခြင်း၊ သက်ဆိုင်ရာ ဒေသအရောက် ဆီသယ်ယူခြင်း၊ မြို့နယ်အားလုံးသို့ ပြန့်ပြန့်နှံ့နှံ့ဖြစ်အောင် ဖြန့်ခွဲရောင်းချခြင်း၊ ဒေသအရောက် စားအုန်းဆီ တစ်ပိဿာဈေးနှုန်းအပေါ် (၂%) အမြတ်ထက် မပိုသော ဈေးနှုန်းများဖြင့် ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချခြင်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များက တာဝန်ယူ၍ ဆောင်ရွက်သွားရမည်ဖြစ်၍ မကွေးတိုင်းဒေသကြီးအတွက် ခွဲတမ်းရရှိသော တစ်ရက် ဆီပေပါ (၇၁၀)လုံး၊ တစ်လဆီပေပါ (၁၆၇၀၀)လုံး ခွဲဝေရရှိမှုအပေါ်  ခရိုင်/ မြို့နယ် ဆီကုန်သည်အသင်းများမှ တာဝန်ယူဖြန့်ဖြူးရောင်းချမည့် ဆီကုန်သည်များ အမည်စာရင်းနှင့် ဆီထုတ်ကိုယ်စားလှယ် အမည်စာရင်းတို့ကို တိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့၏ အတည်ပြုချက်ရယူပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိခရိုင်၏ လိုအပ်ချက်အပေါ် တွက်ချက်၍ တင်ပြတောင်းခံရန်နှင့် တက်ရောက်လာသည့် ခရိုင်/ မြို့နယ် ဆီကုန်သည်အသင်း ဥက္ကဌများမှ အတည်ပြုလက်မှတ် ရေးထိုး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ခရိုင်/ မြို့နယ် ဆီကုန်သည် အသင်းများမှလည်း မိမိတို့ ခရိုင်/ မြို့နယ်အတွင်း ဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေးကို တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ခရိုင်/ မြို့နယ် ဆီကုန်သည်အသင်းမှ တာဝန်ရှိသူများက မကွေးတိုင်းဒေသကြီး အတွက် တစ်ရက်ထုတ်ယူရမည့်ဆီပေပါ (၇၁၀)လုံးကို ခရိုင်အလိုက် ဖြန့်ခွဲမည့်လျာထားချက် (ခွဲတမ်း)အပေါ် အသီးသီးဆွေးနွေးချက်များအပေါ် အခြေခံ၍ ခရိုင်အလိုက်ဖြန့်ခွဲမှုစာရင်းအား အတည်ပြုပြီးနောက် အဆိုပါ ရရှိသည့်ခွဲတမ်းသည် လုံလောက်မှုမရှိသဖြင့် ခရိုင်အလိုက်ခွဲတမ်း ထပ်မံတိုးမြှင့်ရရှိရေး ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးက ဗဟိုစားအုန်းဆီ တင်သွင်း၊ သိုလှောင် ဖြန့်ဖြူးရေး ကော်မတီသို့ တင်ပြတောင်းခံပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုနောက် မကွေးတိုင်းဒေသကြီးအတွက် ခွဲတမ်းရရှိသော ဆီပေပါ(၇၁၀)လုံးအား နေ့စဉ်ထုတ်ယူရန်လိုအပ်ကြောင်း၊ ခရိုင်အလိုက်ရရှိသည့် စားအုန်းဆီများကို တာဝန်ယူရောင်းချမည့် ဆီကုန်သည်အမည်စာရင်း ပြုစုပေး ပို့ရန်၊ ရရှိသည့်ဆီခွဲတမ်းအားလုံးကို မြို့နယ်အားလုံးရှိ ဆီကုန်သည်များသို့ ပွင့်လင်းမြင်သာစွာချပြပြီး ဆီကုန်သည်များအားလုံးသို့ မျှမျှတတ ခွဲဝေချထားပေးရန်၊ ဒေသအရောက် ဈေးနှုန်းအပေါ် အမြတ် ၂ % ထက်မပိုသောဈေးနှုန်းဖြင့် ရောင်းချကြရန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန်နှင့် ရောင်းချရာတွင် သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်များ/ ကျေးရွာများအရောက် ပြန့်ပြန့်နှံ့နှံ့ရောင်းချ ပေးရန်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီးနောက် အစည်းအဝေးကို နေ့လယ်(၁၅:၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)