Main menu

ရွှေဘိုမြို့၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေိဘိုမြို့၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်း တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း(၃)တို့သည် ဆရာ/ဆရာမ (၁၅)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၁၅)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါ ဟောပြောပွဲတွင် ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ထွေးထွေးအေးက Vape   (e-cigarette)အကြောင်းအရာများထဲမှ Vape ၏အကျိုးအပြစ်၊ Falvor liquid ၏အကျိုးအပြစ်၊ Nicotine ၏အကျိုးအပြစ်များ ဟောပြောခဲ့ပြီး Vape (e-cigarette) သောက်ခြင်းဖြင့် ကင်ဆာရောဂါမျိုးစုံ အပါအဝင်၊ သွေးတိုးရောဂါ၊ အဆုတ်ပွရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် နှလုံးသွေးကြောပိတ်ခြင်း စသည်တို့ဖြစ်ပွားစေပြီး e-cigarette သောက်သုံးသူမှ မှုတ်ထုတ်လိုက်သည့် အငွေ့များကို ရှုခြင်းသည်လည်း ဆေးလိပ်သောက်သောသူနှင့်တန်းတူ အထက်ပါ ရောဂါများဖြစ်စေကြောင်း၊ ထိုသို့ အန္တရာယ်များသည့် Vape (e-cigarette)ကို ကျောင်းသား/ ကျောင်းသူများ မသောက်သုံးသင့်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဒု-ခရိုင်ဦးစီးမှူးဒေါ်နှင်းနှင်းခိုင်က စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) ပါအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သော အကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်း ပေးသည့်အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)