Main menu

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင်ဦးစီးမှူးနှင့် မြို့နယ်စားအုန်း ဆီထုတ်ယူဖြန့်ခွဲရေးကိုယ်စားလှယ်များနှင့် အစည်းအဝေးပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးတို့သည် ခရိုင်ဆီကုန်သည်များအသင်းနှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဖြိုး၊ ဦးအောင်(ယာယီ)တို့နှင့်အတူ ဒီဇင်ဘာလ (၅)ရက်နေ့တွင် ပုသိမ်ခရိုင် ပုသိမ်၊ ကန်ကြီးထောင့် ငပုတော၊ သာပေါင်း နှင့်တွေ့ဆုံ၍ စားအုန်းဆီထုတ်ယူဖြန့်ဖြူးရောင်းချရေးနှင့် ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

   ပုသိမ်ခရိုင်ဦးစီးမှူးမှ စားအုန်းဆီထုတ်ယူဖြန့်ဖြူးရောင်းချရာတွင် ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှဆောင်ရွက်ရမည့် ကိစ္စရပ်များ ထုတ်ယူမည့်စားအုန်းဆီများကို ပြည်သူထံသို့ ရည်ညွှန်းဈေးထက်မပိုသော ဈေးနှုန်းဖြင့် ရောင်းချရန်နှင့် မြို့နယ်ကိုယ်စားလှယ်များမှ မိမိတို့ရောင်း ချသည့် မြို့နယ်များတွင်  စားအုန်းဆီရောင်းချသည့် စာရင်းဇယားများ ပြုစုထားရှိရန်နှင့် ခရိုင်ဆီအသင်းနှင့်အသင်းသားများမှ ဦးဦးညွှတ်ညွှတ် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြား၍ တက်ရောက်သူများကလည်း သိလိုသူများကို မေးမြန်းရာ ခရိုင်ဦးစီးမှူးနှင့် ဆီကုန်သည်များအသင်း တာဝန်ရှိသူတို့မှ ပြန်လည်ပြောကြားခဲ့ပါသည်။

DOCA( ဧရာဝတီ)