Main menu

ကြက်အမှတ်တံဆိပ်ပဲငံပြာရည်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင်တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်ရှိ ကြက်အမှတ်တံဆိပ်ပဲငံပြာရည်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ကြက်တံဆိပ်ပဲငံပြာရည်သည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ“ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များပြုလုပ်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)