Main menu

ရေတာရှည်မြို့နယ် ရေနီမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ စစ်ဆေးရေးမှူး ဦးဇော်ဇော်ထွေးသည် တောင်ငူခရိုင် အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုကြီးကြပ် ရေးမှူး ဦးကျော်လင်းထွန်း၊ ရေတာရည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရေနီတိုက်နယ် ကျန်းမာရေးဌာနမှ ဒေါ်စိုးသန္တာအေး၊  ရေတာရှည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရေနီဈေး တာဝန်ခံ ဦးမင်းသိုက်တို့ပါဝင်သော ပူးပေါင်းအဖွဲ့နှင့်အတူ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ရေနီမြို့သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

   ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည်  ရေနီဈေးအတွင်းနှင့် ဈေးပြင်ပ ရပ်ကွက်ကုန်စုံဆိုင်များတွင် ရောင်းချသော အစားအသောက်များနှင့် အလှကုန်ပစ္စည်းများ၌ ခွင့်မပြုဓါတုဆိုးဆေးများ ပါဝင်မှုရှိ/မရှိ၊ သက်တမ်းလွန် အစားအသောက်နှင့် အလှကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ တို့ကိုလည်းကောင်း၊ ဆေးဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကိုလည်းကောင်း စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

   ယင်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သံသယဖြစ်ဖွယ်ရာ အစားအသောက်များနှင့် အလှကုန်ပစ္စည်းများကို တွေ့ရှိရပါက ဓါတ်ခွဲစမ်းသပ်ရန် နမူနာကောက်ယူခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူများနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် အသိပေးပြောကြားကြောင်း သိရပါသည်။

DOCA(ပဲခူး)