Main menu

တောင်ငူခရိုင်မှ စားသုံးဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဒီဇင်ဘာလ ၃ ရက်နေ့ နေ့လယ်ပိုင်းက တောင်ငူခရိုင်မှ စားသုံးဆီလုပ်ငန်းရှင်များအား ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့ကို ဆွေးနွေးပါသည်။

    တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက ဆီကန်ကုမ္ပဏီများမှ ဝယ်ယူခွင့်ရရှိသည့် လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာဆောင်ရွက်ရန်ကို လည်းကောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့ကို လည်းကောင်း ရှင်းလင်း ဆွေးနွေးပါသည်။

    ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ ဆွေးနွေးမေးမြန်းချက်များကို ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တောင်ငူခရိုင်အတွင်းရှိ တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်း၊ ဖြူးမြို့နယ်များမှ စားသုံးဆီလုပ်ငန်းရှင် ၁၅ ဦး တက် ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)