Main menu

ဖြူးမြို့ အလက(ခွဲ)၊ ထန်းကုန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့၊ ထန်းကုန်းရပ်ကွက်ရှိ အခြေခံ ပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသူကျောင်းသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

  ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဌာနခွဲမှူး ဒေါ်ပပလင်းက စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖတ်ရှုရန် အရေးကြီးပုံများကို ဟောပြောဆွေးနွေးပါသည်။

   ထို့အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးက တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာများကိုလည်းကောင်း ဟောပြောခဲ့ပါသည်။

    ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၂၀ ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)