Main menu

သံတွဲမြို့၊ ကျောင်းတိုက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

  ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့ ၊ နေ့လည် (၂:၀၀) နာရီအချိန်တွင် သံတွဲခရိုင် ၊ သံတွဲမြို့ ကျောင်းတိုက်ကျေးရွာ၊ အ-မ-က တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန နှင့် ခရိုင် FDA တို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါ ဟောပြောပွဲတွင် သံတွဲမြို့ ကျောင်းတိုက်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း  မှ ကျောင်းအုပ်ဆရာမကြီးဒေါ်ယဉ်ယဉ်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ၊ သံတွဲခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဝင်းနိုင်က စားသုံးသူ၏အခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်ဝန်ဆောင်မှုလုပ်ငန်းများအကြောင်း ရှင်းလင်းဟောပြောပြီး ဒေါ်ခင်ပြည့်စုံ (အငယ်တန်းစာရေး)က ကုန်ပစ္စည်းများပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ အကြောင်းပစ္စည်းနမူနာများဖြင့် ပြသဟောပြောပြီး ၊ ခရိုင် FDA မှ ဦးအောင်ကျော်သူ (ဒုကြီးကြပ်ရေးမှူး) က အစားအသောက်များနှင့် ဆိုးဆေးအန္တရာယ်များ ၊ စစ်ဆေးများသုံးစွဲမှုအန္တရာယ်များအကြောင်း ရှင်းလင်းဟောပြောခဲ့ပြီး ၊ ကျောင်းသား ၊ကျောင်းသူများအား စားသုံးသူကာကွယ်‌ရေး  လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)