Main menu

ကျိုက်လတ်မြို့၊ မြို့မဈေးကြီး အတွင်းရှိ ကုန်စုံဆိုင်များတွင် အချိုရည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          ကျိုက်လတ်မြို့နယ် ၊စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ ၊နေ့လည်(၁၃:၀၀) နာရီ အချိန်တွင် ကျိုက်လတ်မြို့၊မြို့မဈေးကြီး အတွင်းရှိ ကုန်စုံဆိုင်များတွင် အချိုရည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါအရောင်းဆိုင်များ၌ ရောင်းချနေသည့် အချိုရည်အမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာဖော်ပြနိုင်ရေး၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁)(၄၃) အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပြည့်စုံစွာ ဖော်ပြနိုင်ခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရှိ/မရှိ၊သက်တမ်းလွန် အချိုရည်များရောင်းချခြင်းရှိ/မရှိ၊ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)