Main menu

အမှတ်(၁)ရပ်ကွက်၊နန္ဒဝန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

      ကျိုက်လတ်မြို့နယ် ၊စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ ၊နံနက် (၁၁:၀၀) နာရီ အချိန်တွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍အမှတ်(၁)ရပ်ကွက်၊ နန္ဒဝန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆရာ၊ဆရာမ (၅) ဦး၊ ကျောင်းသား/သူ(၁၃၀) ဦး၊စုစုပေါင်း (၁၃၅) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉)၊ပုဒ်မ(၁၉) ပါစားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊တွဲဖက်မစားသင့်သော အစားအစာများ အကြောင်း၊ အချိုရည်နှင့် ဓာတုဆိုးဆေးများ အကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်း၊ ဈေးကွက်ရောက် ကုန်စည်များတွင် FDA ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊မြန်မာဘာသာ(သို့မဟုတ်) တခြားဘာသာ တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြထားသော အစားအသောက်များကို ရွေးချယ်ဝယ်ယူ စားသုံးကြရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိကြောင်းနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနရုံးသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)