Main menu

ဘိုကလေးမြို့နယ်၊ (၉)ရပ်ကွက် အ.လ.က ကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား     စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

Powered by Drupal

        ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဘိုကလေးမြို့နယ် (၉) ရပ်ကွက် အ.လ.က ကျောင်းရှိ ဆရာ/ဆရာမ (၁၉)ဦး၊ ကျောင်းသား/သူ (၁၅၀)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးမှ စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ဓာတုဆိုးဆေးများအကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း ၊ ဈေးကွက်ရောက် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များအကြောင်း ရှင်းလင်းဟောပြောအသိပညာပေးခဲ့ပါသည်။ ထို့အပြင် ကျန်းမာရေးနှင့်ညီညွတ်သော ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ဘေးအန္တရာယ်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် Center များ ဖွင့်လှစ်ထားရှိကြောင်းနှင့်သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနများသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းစသည့် အသိပညာပေးဟောပြောခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)