Main menu

ဖျာပုံခရိုင် ၊ အ.မ.က (၁၄) မြို့ဦးကျောင်းရှိ ဆရာ/ဆရာမနှင့်ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

    ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးမင်းဇော်နှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊  ဒီဇင်ဘာလ () ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင်  အ..က(၁၄)မြို့ဦး ကျောင်း ရှိ ဆရာ/ဆရာမ(၇)ဦး၊ ကျောင်းသား/သူ(၁၂၀)ဦး၊ စုစုပေါင်း(၁၂၇)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာ ဦးစီးဌာန၊မြို့နယ်တာဝန်ခံက တားမြစ်ဆိုးဆေးများအကြောင်း၊ တာရှည်ခံဆိုးဆေးများ အသုံးပြုထားသော ကုန်စည်များကို ဝယ်ယူသုံးစွဲခြင်း မပြုကြရန်နှင့် ကျောင်းသား/သူများအား ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာစာ ပါဝင်ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်သော မုန့်များကို ဝယ်ယူသုံးစွဲကြရန်၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှ တားမြစ်ထားသောကုန်စည်များဖြစ်သည့် အသားလုံး/အသားချောင်းများကို ဝယ်ယူစားသုံးခြင်း မပြုကြရန်၊ အစားအသောက်များ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အာမခံချက်ရှိသည့် အစားအစာများ ဝယ်ယူသုံးစွဲကြရန်လိုအပ်ကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာရှိလာပါက စားသုံးသူ ရေးရာဦးစီးဌာန၏ callcenter 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့မှုအပေါ်  သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)