Main menu

စက်သုံးဆီဆိုင်များဆီလက်ကျန်အခြေအနေများစစ်ဆေးခြင်း

Powered by Drupal

     ၈.၁၂.၂၀၂၃ ရက်နေ့၊ နံနက်၁၀:၃၀အချိန်မှစ၍ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းရှိ စက်သုံးဆီဆိုင်များဖြစ်သော Yangon Petro(YP)  Standard Energy  Denko  MoonSun စက်သုံးဆီဆိုင်များသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီစသည့် ဌာန ဆိုင်ရာ  အဖွဲ့ဝင်များနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း(ဒု-ကြီးကြပ်ရေးမှူး)က ကွင်းဆင်းစစ်ဆေးမှုများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါ သည်။

     ထိုသို့ကွင်းဆင်းရာတွင် စက်သုံးဆီဆိုင်များရှိ ဆိုင်အတွင်း ဆီကန်ဝင်ဆံ့နိုင်မှုပမာဏ၊ ဆီပြတ်လပ်  သည့်ဆီကန်လက်ကျန်များ တိုင်းထွာခြင်း၊  ပြတ်လပ်သည့်ဆီနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊PO လျှောက်ထားမှု အခြေအနေ၊  ဆိုင်အတွင်းကားတန်းစီမှုအခြေအနေ တို့ကို  ဆိုင်တာဝန်ခံများနှင့်အတူ စစ်ဆေးတိုင်းတာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)