Main menu

စက်သုံးဆီဆိုင်များဆီလက်ကျန်အခြေအနေများစစ်ဆေးခြင်း

Powered by Drupal

        ၈.၁၂.၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၃၀ အချိန်မှစ၍ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များဖြစ်သော Star High  New Day  High Way  360 Petro   မြဝတီ စသည့် စက်သုံးဆီဆိုင်များသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော် မတီ စသည့်ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲ-စာရေး)မှ ကွင်းဆင်းစစ်ဆေးမှုများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ကွင်းဆင်းရာတွင် စက်သုံးဆီဆိုင်များရှိ ဆိုင်အတွင်း ဆီကန်ဝင်ဆံ့နိုင်မှုပမာဏ၊ ဆီပြတ်လပ်သည့်ဆီကန်လက်ကျန်များ တိုင်းထွာခြင်း၊  ပြတ်လပ်သည့်ဆီနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊PO လျှောက်ထားမှုအခြေအနေ၊  ဆိုင်အတွင်းကားတန်းစီမှု အခြေအနေတို့ကို  ဆိုင်တာဝန်ခံများနှင့်အတူ စစ်ဆေးတိုင်းတာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)