၁၂.၁၂.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ သတ္တုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်းရုံးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်မြို့၊ သံလွင်ဈေးနှင့် မောင်ငံဈေးတို့တွင် အိုင်အိုဒင်းဆားများအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများ ကျန်းမာရေးနှင့်ညီညွတ်သော အိုင်အိုဒင်းဆားများအားစားသုံးနိုင်ရေးအတွက် ဈေးကွက်အတွင်းရောင်းချနေသော အိုင်အိုဒင်းဆားများတွင် အိုင်အိုဒင်းပြည့်ဝစွာ ပါဝင်ခြင်း ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA(မွန်)