Main menu

ဘားအံမြို့ အ.ထ.က (၅) စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများသည် ၁၄-၁၂-၂၀၂၃ ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက် အ-ထ-က (၅) ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   အသိပညာပေးဟောပြောပွဲတွင် ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ) က စားသုံးကာကွယ်ရေးဆိုင်ရာအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ဒေါ်ဇာခြည်အောင် (ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ဒေါ်မေသဇင်ဖူး (ဒု-ဦးစီမှူး) ထုတ်ကုန်လုံခြုံစိတ်ချရမှု မရှိသည့် စားသုံးရန်မသင့်သော မုန့်များကို နမူနာထုပ်များဖြင့် လက်တွေ့ ရှင်းလင်းပြသ၍ လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) က ပြန်လည်ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

   ထိုအခမ်အနားတွင် ကျောင်းသား/ကျောင်းသူ (၁၄၅) ဦး၊ ဆရာမ (၅) ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲကို (၁၁း၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ကရင်)