Main menu

ဘားအံမြို့၊ အမှတ် (၇)ရပ်ကွက် တောင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများသည် ၁၆-၁၂-၂၀၂၃ ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် ဘားအံမြို့၊ အမှတ် (၇) ရပ်ကွက် တောင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     အသိပညာပေးဟောပြောပွဲတွင် ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ) က စားသုံးကာကွယ်ရေးဆိုင် အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ ဒေါ်မိခင်သူဇာ (အငယ်တန်းစာရေး)က ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအကြောင်းများကို လည်းကောင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု မရှိသည့် စားသုံးရန်မသင့်သောမုန့်များကို နမူနာထုပ်များဖြင့်လက်တွေ့ ရှင်းလင်းပြသ၍ လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူ များက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)က  ပြန်လည် ရှင်းလင်း ဆွေးနွေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။ အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူ (၇၈) ဦး၊ ဆရာမ (၅) ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲကို (၁၁း၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြသည်။

    ဘားအံမြို့၊ အမှတ် (၇) ရပ်ကွက်ရှိ တောင်တန်းဘုန်းတော်ကြီးကျောင်းသည် အနယ်နယ် အရပ်မှ အခက်အခဲမျိုးစုံဖြင့် စာပေဆက်လက်မသင်ကြားနိုင်သောသူများကို အတန်းစာပေများ ဆက်လက်သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မူလတန်းမှ တက္ကသိုလ်ဝင်တန်း အထိ တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသား/ကျောင်းသူ (၇၈)ဦးထိ ကူညီထောက်ပံ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)