Main menu

ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ ဈေးနှုန်း/ဈေးကွက်အခြေအနေ ရွှေကံထူးပွဲရုံ ကွင်းဆင်းလေ့လာ

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးဦးသန်းဦး၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ကရင်ပြည်နယ်အတွင်း ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ ဈေးကွက် အခြေအနေများကို ၁၆-၁၂-၂၀၂၃ ရက်နေ့တွင် ဘားအံမြို့ရှိ ရွှေကံထူးပဲပွဲရုံသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်၊၊

       ထိုသို့ကွင်းဆင်းလေ့လာရာတွင် ရွှေကံထူး ပဲပွဲရုံဦးစောဝင်းနိုင်က ကရင်ပြည်နယ်အတွင်း ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေနှင့် လတ်တလော အရောင်းအဝယ် ဖြစ်လျက်ရှိသော ပဲမျိုးစုံအခြေအနေများကို ရျင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်၊၊

        ကရင်ပြည်နယ်သည် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးသော ပြည်နယ်တစ်ခုဖြစ်ပြီး ပြည်နယ်အတွင်းထွက်ရှိသော ပဲများအားဒေသတွင်း မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးမြို့များသို့ အများဆုံး တင်ပို့ရောင်းချကြောင်းနှင့် မြေပဲတောင့်အစိုများကိုမူ ထိုင်းနိုင်ငံဘက်သို့ အများဆုံး တင်ပို့ ရောင်းချကြောင်း သိရသည်။

DOCA(ကရင်)