Main menu

ပေါင်မြို့နယ်ရှိ ကုန်စုံဆိုင်များတွင် အချိုရည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ပေါင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ၁၅.၁၂.၂၀၂၃ ရက်နေ့တွင် ပေါင်မြို့နယ်ရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသောအသင့်သောက်အချိုရည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဦးစားပေးကုန်စည်ဖြစ်သည့် အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အချိုရည်များတွင် သက်ဆိုင်ရာ ဌာနများ၏ ခွင့်ပြုချက် ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်ကိုက်ညီမှု ရှိ/မရှိ၊ မြန်မာစာကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည့်စုံမှန်ကန်မှုရှိကြောင်း တွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက် (၂/၂၀၁၉)နှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များကို ရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ဖော်ပြပါရှိသော အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)