ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊စာသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံဦးမင်းဇော်သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင်ဖျာပုံခရိုင်ရုံးCommunity Centre ခန်းမ၌ “စားသုံးသူကာကွယ်ရေး” အသိပညာပေး Talk show ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်တာဝန်ခံ ဦးမင်းဇော် မှ စားသုံးသူများအနေဖြင့် အစားအသောက်နှင့် ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးရာတွင် စိတ်ကျေနပ်မှု ရရှိစေရေး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်များနှင့် ဓာတုဆိုးဆေးများအကြောင်း၊ ထားသိုသိမ်းဆည်းပုံ အညွှန်းများနှင့်ပက်သက်၍ စနစ်တကျလိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ အကြောင်း ရှင်းလင်းဟောပြောအသိပညာပေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန် ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ပေါ်ပေါက်လာပါက မြို့နယ်ဦးစီးမှူးရုံးများနှင့် တိုင်ကြားနိုင် သည့်စင်တာများ ဖွင့်လှစ်ထားရှိကြောင်းတို့အား အသိပညာဟောပြောခဲ့ကြောင်း သိရှိရပါသည်။