Main menu

ဘိုကလေးမြို့ (၁၀) ရပ်ကွက်ရှိ ငွေကြယ်စင် ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချမှုနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

          ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ဦးဆောင်မှုဖြင့် ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် (၁၀) ရပ်ကွက်ရှိ ငွေကြယ်စင် ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချမှုနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ငွေကြယ်စင် ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်စပါး အရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်များ ပြည့်မီမှန်ကန်စေရေး၊ ဆန်စပါး ဈေးနှုန်း ဈေးကွက် အခြေအနေများကို မေးမြန်းစုံစမ်းခြင်း၊ ဈေးကွက် တည်ငြိမ်မှု ရှိ/မရှိ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး နှင့်ပက်သက်၍ ခေတ်မီစက်ကိရိယာများ၊ နည်းစနစ်သစ်များနှင့်ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှသာ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပြီး ဈေးကွက် စီးပွားရေးကျယ်ပြန့်လာနိုင်သလို ၊ ကုန်ထုတ်လုပ်မှုများ ပိုမိုထုတ်လုပ် လာနိုင်ပါက အလုပ်သမား ဝန်ထမ်းမိသားစုများအတွက် စားဝတ်နေရေး ပြေလည်စေနိုင်ကြောင်း ဆန်စက်မှ ကြိတ်ခွဲ ထွက်ရှိ လာသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထားခြင်းရှိ/မရှိ တို့ကို ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)