Main menu

စားသုံးသူကာကွယ်ရေး လူထု အသိပညာပေးဟောပြောခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့ နယ်ဦးစီးမှူးရုံးသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့ ၊ နံနက် (၀၉:၃၀)အချိန် ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆီရောင်းချသူလုပ်ငန်းရှင်(၃၀)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း အသိပညာပေးဟော ဆွေးနွေးခဲ့ပါသည်။

      အဆိုပါဆွေးနွေပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ညောင်တုန်း မြို့နယ် ဆီရောင်းချသူ လုပ်ငန်းရှင်များအား ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများ မြို့နယ်အတွင်း ဖြန့်ဖြူး ရောင်းချရာတွင် “စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီ”က သတ်မှတ်ရည်ညွှန်းဈေးဖြင့် သယ်ယူစရိတ် ရာခိုင်နှုန်းအမြတ်ဖြင့်သာ ဈေးကွက်အတွင်း သင့်တင့် မျှတသည့် ဈေးနှုန်းဖြင့်ရောင်းချရေး ထိန်းကျောင်းရောင်းချရန်၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ သုံးစွဲနိုင်ရေးအတွက် ဦးစားပေးရောင်းချရန်၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရန်  တိုက်တွန်းလိုပါကြောင်း၊ အခြားသောထုပ်ပိုးထားသည့်ကုန်စည်များလည်း ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာ ဖော်ပြရန် လိုအပ်ပါကြောင်း  ဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို ရှင်းလင်းခဲ့ပြီး ထိုနောက်တက်ရောက်လာသူလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)