Main menu

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ စားသုံးဆီထုတ်ယူမည့် ကိုယ်စားလှယ်များနှင့် ဆွေးနွေးခြင်း

Powered by Drupal

   ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် အများပြည်သူအကျိုးအတွက် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အများပြည်သူများ စားသုံးဆီမပြတ်လပ်စေရေးအတွက် ရည်ရွယ်၍ (၁၃.၁၂.၂၀၂၃)ရက်နေ့တွင် သာပေါင်းမြို့နယ်တာဝန်ခံရုံး၌ စားသုံးဆီထုတ်ယူမည့် ကိုယ်စားလှယ်များ၊  ကုန်စုံဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ပါသည်။

    ဆွေးနွေးရာ၌ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရန်နှင့် ဒေသတွင်း စားသုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် ပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)