Main menu

ကဝမြို့နယ်တွင် ပဲရာသီတောင်သူများအား ကောင်းမွန်သော စိုက်ပျိုးရေး နည်းစနစ်ဆိုင်ရာ သင်တန်းပို့ချ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး ၊ ကဝမြို့နယ် ၊ အုန်းနှဲကျေးရွာ၌ ၁၃.၁၂.၂၀၂၃ ရက်နေ့၊ နံနက် (၉: ၀၀) မှ နေ့လယ် (၁၅: ၀၀) နာရီထိ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲများ တင်ပို့ရာတွင် သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီစေရန်အတွက် ကောင်းမွန်သော စိုက်ပျိုးရေးနည်း စနစ်များဖြင့် စိုက်ပျိုးနိုင်ရန် ပဲစိုက်တောင်သူများအား နည်းစနစ်ဆိုင်ရာသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ သင်တန်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ အသီးသီးသင်တန်းပို့ချပြီး ကျေးရွာသူ ၊ ကျေးရွာသား (၁၃၀)ဦး ကျော် တက်ရောက်ပြီး မြန်မာ့ပဲများအား ကောင်းမွန်သော စိုက်ပျိုးရေးနည်းစနစ်များဖြင့် စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းတိုးတက်မှု အခြေအနေများ ၊ ပဲတင်ပို့နိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)